(Q)—OZ House ကပစ္စည်းလေးတွေဝယ်တဲ့အခါ ပြန်လဲလို့ရလား?
(A) ဟုတ်ကဲ့ အဆင်မပြေတဲ့အချက်လေးတွေရှိရင် ဝယ်ပြီး ( ၇ ) ရက်အတွင်းဆို ပစ္စည်းပြန်လဲပေးပါတယ်ရှင့်
ဥပမာ -- ပစ္စည်းလက်ခံရရှိတဲ့အချိန်မှာ ပစ္စည်းအပြင်ပါကင်ပျက်လာတာ/ ကွဲလာတာ
တစ်ချို့ဆေးလေးတွေ ရာသီဥတုကြောင့် အရည်ပျော်တာ/ အစိုပြန်တာ
exp date အဆင်မပြေတာ စသည့်အချက်များဖြစ်ခဲ့ရင် ဝယ်ပြီး( ၇) ရက်အတွင်း ဆိုပြန်လဲပေးပါတယ်ရှင့်
( ၇ ရက်နောက်ပိုင်းမှ အကြောင်းကြားတဲ့ ပစ္စည်းများကိုတော့ ပြန်မလဲပေးပါဘူးနော် )
ပစ္စည်း error မရှိပဲ လက်လီဝယ်သူဖက်မှ အကြောင်းအမျိုးမျိုးကြောင့် လဲပေးဖို့ request လုပ်ခဲ့ရင် ဝယ်ပြီး
( ၇ )ရက်အတွင်းဆို ပြန်လဲပေးမှာဖြစ်ပြီး ပစ္စည်းပြန်ယူ ပြန်ပို့ခကို ဝယ်သူဖက်မှ ကျခံပေးရပါမယ်။
ပါကင်ဖွင့်ထားချင်းမရှိပဲ နဂိုမူလအနေအထားတိုင်းရှိမှသာ ပစ္စည်းပြန်လဲပေး မည်ဖြစ်ပြီး
ငွေပြန်အမ်းပေးမည်မဟုတ်ပါ ။ ( ပြန်လဲလိုတဲ့ ပစ္စည်းနှင့်ပူးတွဲပါပစ္စည်းများကိုလည်း တစ်ပါတည်း
ပြန်ပေးရပါမည် )
* လက်ကားသမားများ ပစ္စည်းပျက်စီးချို့ယွင်းတာမဟုတ်ပါက ပစ္စည်းပြန်လဲမပေးပါ။
* လက်ခံရရှိချိန်မှာ ပစ္စည်းများကို Delivery ရှေ့တွင် တစ်ခါတည်းဖောက်စစ်ပေးရပါမည်။